Tuesday, May 11, 2021

The Baby In Yellow

Horror fanတွေကတော့ အကြိုက်တွေ့စေမှာပါ။gameplayကတော့ ကလေးထိန်းရမှာ။ဒါပေမဲ့ ထိန်းရမဲ့ကလေးက မကောင်းဆိုးဝါးလေး။ စောက်ကျိုးနည်း
သင့်မိဘတွေ မရှိတုန်းမှာ သင်ကဒီကလေးကို ထိန်းရမှာပါ။ကလေးထိန်းတာကတော့ ထွေထွေထူးထူးလုပ်စရာမရှိပါဘူး။နို့ဘူးတိုက်မယ်၊သေးခံလဲမယ်၊အိပ်ယာသိပ်မယ်ပေါ။ဒါပေမဲ့ စောက်ကလေးက ငြိမ်ငြိမ်မနေ​ပါဘူး။ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်နဲ့။တစ်ခါတစ်လေ ရှာနေရင်းနဲ့ နောက်လှည့်ကြည့်မှ ဘွားခနဲ့ထပေါ်လာလို့ လန့်လန့်သွားရသေးတယ်။လန့်ဆို စောက်ကလေးက ကလေးနဲ့မှမတူပဲ။မျက်းလုံးပြူးပြူးကြီးနဲ့ စိုက်စိုက်ကြည့်နေတာကို။ဒီကြားထဲ ငိုရင် ဟိုမျက်လုံးပြူးပြူး ပါးချိုင့်ချိုင့် ပါးစပ်ပြဲပြဲသရဲနဲ့ တစ်ပုံစံတည်းပဲ။နမည်တော့ မသိလို့ ဟီး။ကလေးထိန်းရင်း တဖြည်းဖြည်းlevelတက်လာရင် အိမ်ထဲက အခြားတံခါးတွေကို ဖွင့်လို့ရမှာပါ။ဒီဂိမ်းမှာတော့ Nightလို့ သုံးတာပေါ့။
ဂိမ်းက အပြစ်ပြောစရာတောင် သိပ်မရှိဘူး။graphicကလည်း အတော်မိုက်တယ်။controlကလည်း easy smoothပဲ။အိမ်ကလည်း detailsကျကျဖန်တီးထားတာ။အိမ်နဲ့ပတ်သက်တဲ့ ဘာညာအကုန်မြင်ရမယ်။ပြီးတော့ စောက်ကလေးက ခြောက်လည်း ခြောက်ပါသေးတယ်။နားကြပ်တပ်ပြီး အခန်းထဲမှာတစ်ယောက်တည်းဆော့လို့ အကောင်းဆုံးပါပဲ။
Sizeနည်းနည်းနဲ့ တန်အောင်ဆော့ရမယ့်ဂိမ်းမို့.....

















Size-180mb
#Offline
#Thoe

Dive in the Past

 ဒီဂိမ်းကိုတော့ ရေအောက်ကြိုက်Devတစ်ခုက ထုတ်ထားတာပါxDအရင်က ရေအောက်ကြိုက်တာက နည်းနည်းပေါ့ပျက်ပျက်ဆန်ပေမဲ့ ဒီဂိမ်းကိုတော့ အတော်ကြိုးစားထားခဲ့ကြပုံရတယ်။gameplayကလည်း မင်မင်တို့အတွက် အသစ်အဆန်းတစ်ခုကို ယူဆောင်လာပေးပါတယ်။

ဂိမ်းထဲမှာ သင်က ရေအောက်မှာ ဒဏ္ဍာရီတွေအရ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရမယ့်လူတစ်ယောက်အနေနဲ့ကစားရပါ့မယ်။ဘင်္ဘောပျက်တွေ မြို့ပျက်တွေကနေ ရှေးဟောင်းပစ္စည်းတွေရှာရမှာပါ။ပစ္စည်းတွေရှာရုံတင်မဟုတ်ပဲ ပစ္စည်းပိုင်ရှင်တွေရဲ့မပြီးပြတ်သေးတဲ့ကိစ္စတွေကိုပါ ကိုယ်က ဆက်လက်လုပ်ဆောင်ပေးရမှာပါ။

ဂိမ်းက Puzzel,Adventureအမျိုးအစားဖြစ်ပြီး walkthroughကြည့်ဆော့ရဖို့ သေချာသလောက်ပါပဲxD

မင်မင်ကတော့ ခေါင်းတွေပါကိုက်ပါတယ်။ခေါင်းလည်းသုံးရမယ်။စိတ်ဝင်စားစရာလည်း ကောင်းတယ်။sizeလည်း အသင့်အတင့်​​​​ပဲရှိတာကြောင့် ဆော့ကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။




















Download

 

Size-580mb

#Offline

#Thoe

Monday, May 10, 2021

Kill It With Fire

သင်က ပင့်ကူတွေကို မုန်းတတ်တဲ့လူတစ်ယောက်လား?ဒါဆိုရင်တော့ ဒီဂိမ်းက သင့်အတွက် ရည်ရွယ်ထားပါတယ်။ဒီဂိမ်းကို tinyBuildက ထုတ်ထားတာဗျ။tinyBulidဆိုတာ TRDSတို့ Hello Neighborတို့ထုတ်ခဲ့တဲ့ Devပေါ့။

ဒီဂိမ်းထဲမှာ ပင့်ကူတွေက လူသားတွေအတွက် အန္တရာယ်ရှိနေပြီ။သင်က ပင့်ကူတွေကို သတ်ဖို့လိုင်စင်ရ ပင့်ကူသတ်သမားတစ်ယောက်ပေါ့။ပင့်ကူတွေကို ခြေရာခံ ပစ္စည်းတွေလှန်ပြန်ရှာ တွေရင် ရှိတဲ့လက်နက်နဲ့ အ​သေသတ်။လက်နက်ကတော့ အစုံပဲ။သေနတ်တွေရော ဗုံးတွေရော မီးတွေရော စုံပလုံနေတာပဲ။

ဒီထဲမှာ ပင့်ကူမျိုးစိတ် 8မျိုးအထိပါတယ်။realisticဖြစ်တဲ့ detailsတွေကိုလည်း တွေ့ရမယ်။mapတွေနဲ့ weaponsတွေ အကုန်ပွင့်ချင်ရင်တော့ mod downloadလုပ်ဆော့။ဒါမှမဟုတ် luckypatcherသုံးပေါ့။

တချို့mapတွေဆို ဂိမ်းကို တအားအာရုံစိုက်ရတယ်။weaponကောင်းကောင်းကလည်း မရှိတဲ့အချိန် mapကလည်း မှောင်နေလို့ကတော့ ပင့်ကူတစ်ကောင်သတ်ဖို့ ပြူးပြဲရှာပြီး မနည်းလိုက်သတ်ရတယ်။မီးမှုတ်တဲ့ဟာ ရရင်တော့ အကုန်မီးပတ်ရှို့ပစ်လိုက်ရော 4ကောင် 5ကောင်တော့ အသာလေးရတယ်။မင်မင်ဆို တစ်ကောင်သတ်လည်းပြီးရော အခန်းကိုပြန်ကြည့်လိုက်တာ တစ်ခန်းလုံးရှုပ်ပွပြီး ရစရာကို မရှိတော့ဘူး။simulationကြိုက်တဲ့သူတွေအတွက်တော့ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ။
















Download



Size-650mb

Offline

Thoe

Bloody Bestards

သင်အရမ်းပျင်းနေရင်ပဲဖြစ်ဖြစ် အရမ်းအထီးကျန်နေရင်ပဲဖြစ်ဖြစ် (ဥပမာ-စော်ပစ်ခံထားရရင်ပဲဖြစ်ဖြစ်) ရှိနေခဲ့ရင် ဒီဂိမ်းကို ဆော့ကြည့်ပါ။လုံးဝသင့်ကို ပျော်အောင်လုပ်ပေးပါ့လေ့မယ်။levelတစ်ဆင့်ပြီးတာနဲ့ နောက်တစ်ဆင့်ထပ်ဆော့ချင်လောက်အောင်ကို ဆွဲဆောင်မှုရှိတဲ့ဂိမ်းပါ။

1 vs 1ချရမဲ့ဂိမ်းဖြစ်ပြီး စစချင်း သင့်ကို ဓားတစ်လက်နှင့်ဒိုင်းတစ်ခုပေးထားပါ့မယ်။အဲ့ကနေ levelတစ်ဆင့်ချင်းအောင်လို့ ရတဲ့ပိုက်ဆံနဲ့ နောက်ထပ် အင်္ကျီတို့ ညာတို့ဝယ်ပေါ့။multiplayerလည်း ဆော့လို့ရပါသေးတယ်။physicsပိုင်းကလည်း sizeနဲ့မလိုက်အောင် ဖန်တီးထားတာပါ။မျက်နှာကို ထိရင် နှာခေါင်းသွေးထွက်တာတွေ၊လက်ကို ထိပါများရင် လက်ပြတ်ထွက်တာတွေအထိ တွေ့ရပါလေ့မယ်။

Sizeနည်းနည်းနဲ့အပျင်းပြေဆော့ချင်တယ်ဆိုရင်တော့ ဒီဂိမ်းက လုံးဝလက်မလွှတ်သင့်ပါဘူး။










Download Links

Playstore Link

 Tap Tap Link

 

Size-7.5mb

offline

Thoe

The Baby In Yellow

Horror fanတွေကတော့ အကြိုက်တွေ့စေမှာပါ။gameplayကတော့ ကလေးထိန်းရမှာ။ဒါပေမဲ့ ထိန်းရမဲ့ကလေးက မကောင်းဆိုးဝါးလေး။ စောက်ကျိုးနည်း သင့်မိဘတွေ မရှိတု...