သင်က ပင့်ကူတွေကို မုန်းတတ်တဲ့လူတစ်ယောက်လား?ဒါဆိုရင်တော့ ဒီဂိမ်းက သင့်အတွက် ရည်ရွယ်ထားပါတယ်။ဒီဂိမ်းကို tinyBuildက ထုတ်ထားတာဗျ။tinyBulidဆိုတာ TRDSတို့ Hello Neighborတို့ထုတ်ခဲ့တဲ့ Devပေါ့။
ဒီဂိမ်းထဲမှာ ပင့်ကူတွေက လူသားတွေအတွက် အန္တရာယ်ရှိနေပြီ။သင်က ပင့်ကူတွေကို သတ်ဖို့လိုင်စင်ရ ပင့်ကူသတ်သမားတစ်ယောက်ပေါ့။ပင့်ကူတွေကို ခြေရာခံ ပစ္စည်းတွေလှန်ပြန်ရှာ တွေရင် ရှိတဲ့လက်နက်နဲ့ အသေသတ်။လက်နက်ကတော့ အစုံပဲ။သေနတ်တွေရော ဗုံးတွေရော မီးတွေရော စုံပလုံနေတာပဲ။
ဒီထဲမှာ ပင့်ကူမျိုးစိတ် 8မျိုးအထိပါတယ်။realisticဖြစ်တဲ့ detailsတွေကိုလည်း တွေ့ရမယ်။mapတွေနဲ့ weaponsတွေ အကုန်ပွင့်ချင်ရင်တော့ mod downloadလုပ်ဆော့။ဒါမှမဟုတ် luckypatcherသုံးပေါ့။
တချို့mapတွေဆို ဂိမ်းကို တအားအာရုံစိုက်ရတယ်။weaponကောင်းကောင်းကလည်း မရှိတဲ့အချိန် mapကလည်း မှောင်နေလို့ကတော့ ပင့်ကူတစ်ကောင်သတ်ဖို့ ပြူးပြဲရှာပြီး မနည်းလိုက်သတ်ရတယ်။မီးမှုတ်တဲ့ဟာ ရရင်တော့ အကုန်မီးပတ်ရှို့ပစ်လိုက်ရော 4ကောင် 5ကောင်တော့ အသာလေးရတယ်။မင်မင်ဆို တစ်ကောင်သတ်လည်းပြီးရော အခန်းကိုပြန်ကြည့်လိုက်တာ တစ်ခန်းလုံးရှုပ်ပွပြီး ရစရာကို မရှိတော့ဘူး။simulationကြိုက်တဲ့သူတွေအတွက်တော့ ဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ။
Size-650mb
Offline
Thoe















No comments:
Post a Comment